ငါးလိပ်ကျောက်
ခရမ်းချဥ်သီး ၃လံုးစိတ်ထားပါ
စပါးလင် အနည်းငယ်
ကြက်သွန်နီ ၁လံုး
ကြက်သွန်ဖြူ ၂တပ် ဓားပြားရိုက်
ငရုတ်သီးစိမ်း ၈တောင့်ခြမ်းထား
မန်ကျည်းမှည့်ရည် အနည်းငယ်
အစိမ်းစားငါးပိ အနည်းငယ်
ငါးလိပ်ကျောက်ကို အရင်ခုတ်ပိုင်းပြီးဆေးထားပါ
နောက် အိုးထဲကို ဆီအနည်းငယ်ထည့် နံနွင့်မှုန့်ထည့်ပြီး
ကြက်သွန်နီ ခရမ်းချဥ် စပါးလင် ငရုတ်သီး ကြက်သွန်ဖြူထည့်ဆီသက်ပြီး ငါးလိပ်ကျောက်ထည့် လုံးပါ ပြီးရင်ရေ အသင့်အတင့်ထည့်
မန်ကျည်းမှည့်ထည့် အချိုမှုန့် ဆား ရှောက်ရည် အစိမ်းစား ငါးပိ ထည့်ချက်ပြီး
ငရုတ်ကောင်းမှုန့်ထည့် ရှမ်းနံနံ နှင့် ပင်စိမ်း နောက်ဆုံးထည့်ချက်ပြီးရင် အဆင်ပြေပါြပီ
မူရင်းပိုင်ရှင်ကိုcreditပေးပါတယ်
MyanmarCookingApplication


Comments
Post a Comment