ယိုးဒယားထမင်းကြော် ♡
Thai Style Fried Rice
❀ ❀ ❀
ဝါသနာရှင်များမည်သူမဆိုShareကိုနှိပ်ပြီးခွင့်မတောင်းဘဲလွတ်လပ်စွာမျှဝေနိုင်ပါတယ်။မိမိတို့ကိုယ်ပိုင်Pageများတွင်မိမိအကျိုးစီးပွားအတွက်စာများပုံများကိုကူးချပြီးကိုယ်တိုင်ချက်ပြုတ်ထားသည့်ပုံစံပြုလုပ်ခြင်းများကိုခွင့်မပြုပါ။ခွင့်မပြုဘဲအသုံးပြုသူများသည်ခိုးယူရာရောက်ကြောင်းသတိပေးအပ်ပါသည်။
❀ ❀ ❀
ပါဝင်ပစ္စည်း
********
ထမင်းဖြူ - တစ်ပွဲ
ဘဲဥ သို့ ကြက်ဥ - တစ်လုံး
ကြက်သား ၊ ပင်လယ်စာ
ကြက်သွန်နီ - တစ်ခြမ်း
ခရမ်းချဉ်သီး - တစ်ခြမ်း
ကိုက်လန် - ၃ပင်
ပဲငံပြာရည် - တစ်ဇွန်း စားပွဲဇွန်း
ငံပြာရည် - ဇွန်းတဝက်
ခရုဆီ - တစ်ဇွန်း
အနောက်ရည်(ပဲငံပြာရည်) - အနည်းငယ်
သကြားအချိုမှုန့် - လ္ဘက်ဇွန်းတစ်ဇွန်း (ဟင်းခပ်မှုန့်သကြား)
ငရုပ်ကောင်း -အနည်းငယ်
ဆီ - ၂ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
*************
1.ကြော်မည့်ထမင်းကိုအအေးခံထားပါ။ဘဲဥသို့ကြက်ဥခေါက်ထားပါ။ကြက်သွန်နီပါးပါးစိတ်ထားပါ။ခရမ်းချဉ်သီးအမြောင်းစိတ်ထားပါ။ကိုက်လန်ကိုလှီးပြီးရေဆေးထားပါ။ကြက်သားသို့ပင်လယ်စာတို့ကိုအဆင်သင့်လှီးဖြတ်ထားပါ။
2.အားလုံးအဆင်သင့်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။ဆီပူလာပါကကြက်သွန်ချကြော်ပါ။
3.ကြက်သားပင်လယ်စာထည့်ပါ။ဘဲဥသို့ကြက်ဥထည့်ပြီးမွေပေးပါ။
4.အသားကျက်ပါကထမင်း၊ကိုက်လန်နှင့် ခရမ်းချဉ်သီးထည့်ပါ။
5.အရသာဖြည့်စွက်ပြီးခရမ်းချဉ်သီးမကြေအောင်မွေပေးပါ။အစပ်စားလိုကငရု ပ်သီးဓားပြားရိုက်ထည့်ပါ။
6.အရသာအပေါ့အငံမြည်းကာပန်းကန်တွင်တည်ခင်းပြီးငရုပ်သီးငံပြာရည်စိမ်သခွားသီးသံပုရာသီးတို့ဖြင့်တွဲပြီးသုံးဆောင်နိုင်ပါပြီ။
........
#မူရင်း post ပိုင်ရှင်များကို Credit ပေးပါသည်
MyanmarCookingApplication
Comments
Post a Comment